Home » News & Politics » ပန်းရောင်ကဒ် ကိုင်ဆောင်ထားသော ထိုင်းရောက် မြန်မာလုပ်သားများ နယ်မြေရွှေ့ပြောင်းသွားလာခွင့်

ပန်းရောင်ကဒ် ကိုင်ဆောင်ထားသော ထိုင်းရောက် မြန်မာလုပ်သားများ နယ်မြေရွှေ့ပြောင်းသွားလာခွင့်

Written By Eleven Broadcasting on Monday, May 02, 2016 | 09:00 PM

 
မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်ထုတ်ပေးရာမှာ အလုပ်လုပ်ခွင့်ပါမစ်နဲ့ ဗီဇာကို တပါတည်း ထုတ်ပေးဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထိုင်းနိုင်ငံ အလုပ်သမားဝန် ကြီးဌာနဘက်ကို တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံဘက်က အလုပ်သမားဝန်ကြီးဌာန ၀န်ကြီးကလည်း ပန်းရောင်ကဒ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားတွေကို ထိုင်းနိုင်ငံအတွင်း နယ်မြေရွှေ့ပြောင်းသွားလာခွင့် အချိန်ကို တစ်ကြိမ်လျှင် ၇ ရက် ခွင့်ပြုဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနဘက်က အမိန့်ကြေညာစာ ထုတ်ပြန်ပေးဖို့ စီစဉ် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။